RFA Burmese's Avatar

RFA Burmese

@rfaburmese.bsky.social

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

113 Followers  |  3 Following  |  8 Posts  |  Joined: 18.11.2024  |  1.606

Latest posts by rfaburmese.bsky.social on Bluesky

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံရသည်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားပုံ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံရသည်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားပုံ။ (Photo: AA Info Desk)


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စခန်းချခဲ့တဲ့ အဆောက်အအုံမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တံဆိပ်ပါ ရိက္ခာအိတ်တွေ တွေ့ခဲ့ရပြီး လူထုအတွက်အကူအညီအပေါ် အလွဲသုံးစားလုပ်တာကို လက်ခံနိုင်စရာမရှိဘူးလို့ WFP က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောအခြေစိုက် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် WFP ဆန်အိတ်ထောင်နဲ့ချီပြီး တွေ့ခဲ့ရတာလို့ Arakan Bay News က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

18.12.2024 14:23 — 👍 2    🔁 0    💬 0    📌 0
Video thumbnail


■ “ပိုက်ဆံမတောင်းစားချင်လို့ ဒီလိုမျိုးလုပ်စားတယ်ဆိုတော့ အားလုံးက ဂုဏ်ယူကြတာပေါ့။ အဲဒါကြောင့် အားပေးတဲ့သူက များပါတယ်။ ဧည့်သည်အများဆုံးက အဲဒီလိုပဲ အားပေးကြတာပေါ့”

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကိုကျော်ကျော်ဟာ ၁၇ နှစ်သားအရွယ်မှာ မတော်ဆမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဘဝကိုအရှုံးမပေးဘဲ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရွာသာကြီးရပ်ကွက်ကနေ ရန်ကုန်မြို့လယ်မှာရှိတဲ့ ဝန်ကြီးများရုံးကို နေ့တိုင်း ဘတ်စ်ကားနဲ့သွားပြီး အလုပ်လုပ်နေတာ နှစ်နှစ်ရှိပါပြီ။

bu.rfa.org/birdseed

16.12.2024 15:14 — 👍 1    🔁 0    💬 0    📌 0
မောင်တောမြို့နယ် မကျည်းချောင်း (မကျီးချောင်း) စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းအား အာရက္ခတပ်တော် (AA) က သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။ (AA Infodesk)

မောင်တောမြို့နယ် မကျည်းချောင်း (မကျီးချောင်း) စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းအား အာရက္ခတပ်တော် (AA) က သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။ (AA Infodesk)


■ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို AA ကထိန်းချုပ်လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် စစ်ကောင်စီတပ်သားတွေ၊ ARSA အဖွဲ့ဝင်တွေကို ဒီဇင်ဘာလ ၈ ရက်ညနေပိုင်းမှာ AA က ဖမ်းမိထားပြီလို့ မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

09.12.2024 13:29 — 👍 0    🔁 0    💬 0    📌 0
Post image


■ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး တရုတ်အာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံမှာ သွားရောက်တွေ့ဆုံ ဆွေးနွေးနေတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

ဗန်းမော်နဲ့မံစီမြို့တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ အခုလို တွေ့ဆုံတာပါ။ မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ကန်ပိုက်တီမြို့တွေ အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို KIA က ထိန်းချုပ်ထားပါပြီ။

09.12.2024 13:19 — 👍 1    🔁 0    💬 0    📌 0
Preview
နေ့လယ်ခင်းသတင်း Daily News Podcast · 142 Episodes · Updated Daily

Apple
နေ့လယ်ခင်းသတင်း bu.rfa.org/midday
စစ်မှုထမ်းဇာတ်လမ်း bu.rfa.org/conscription
ဒီတစ်ပတ်မှာ bu.rfa.org/this-week
ဟဟပါပဲ bu.rfa.org/Ha-ha
စိုပြေမပြောချင်ဘူး bu.rfa.org/sopyay

Spotify
နေ့လယ်ခင်းသတင်း bu.rfa.org/mid-day
စစ်မှုထမ်းဇာတ်လမ်း bu.rfa.org/conscript
ဒီတစ်ပတ်မှာ bu.rfa.org/thisweek
ဟဟပါပဲ bu.rfa.org/ha
စိုပြေမပြောချင်ဘူး bu.rfa.org/so

06.12.2024 17:22 — 👍 2    🔁 0    💬 0    📌 0
Post image


■ ပေါ့ဒ်ကတ်စ်ဆိုတာ အသံလွှင့်ချက်တွေကို ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်… စတာတွေမှာရယူပြီး အဆင်ပြေတဲ့အချိန် နားထောင်နိုင်တဲ့စနစ်ပါ။ အားသာချက်ကတော့ လမ်းသွားရင်း၊ ကားစီး ရထားစီးရင်း ကိုယ်ကြိုက်တဲ့အစီအစဉ်ကို အဆင်ပြေသလို ရွေးချယ်နားထောင်နိုင်တာပါပဲ။ RFA app - iPhone နဲ့ Android နှစ်မျိုးလုံး ရနိုင်ပါပြီ။
smarturl.it/RFAburmeseapp

နေ့စဉ် အသံလွှင့်အစီအစဉ်တွေ၊ အပတ်စဉ်အစီအစဉ်တွေကို RFA App အပြင် 👇 Apple နဲ့ Spotify 👇 မှာလည်း နားဆင်နိုင်ပါပြီ။

06.12.2024 17:22 — 👍 3    🔁 0    💬 1    📌 0
Post image


မျိုးဆက်သစ်လူငယ်နဲ့ ဖက်ဒရယ်အနာဂတ်
(RFA အထူးအစီအစဉ်)

■ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေပါတယ်။ အာဏာသိမ်းစစ်တပ်ကို နိုင်အောင်တိုက်ဖို့ မဖြစ်နိုင်ဘူးလို့ အများက ယူဆခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တောက်လျှောက်အနိုင်ရခဲ့ကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေအကြောင်း၊ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ RFA က သွားရောက်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။

RFA Website တွင် အပြည့်အစုံကြည့်ရှုရန် - bu.rfa.org/gen-z

28.11.2024 15:15 — 👍 0    🔁 0    💬 0    📌 0
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ် တောင်းဆို။ (Photo: Reuters)

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ် တောင်းဆို။ (Photo: Reuters)

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်တောင်းဆို
~~~
■ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ် ကာရင်အာဆက် အာမက် ခန် (Karim AA Khan) က ၂၀၂၄ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ လျှောက်ထားလိုက်ပါတယ်။ bu.rfa.org/icc-mal

ICC ထုတ်ပြန်ချက် (မြန်မာဘာသာ) ဖတ်ရှုရန် - bu.rfa.org/icc-bur

Photo: Reuters

27.11.2024 16:03 — 👍 1    🔁 0    💬 0    📌 0

@rfaburmese is following 3 prominent accounts